ငတုံး နှင့် ငအတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲစားထွက်လာကြသည်။
လမ်းမတစ်နေရာ သစ်ပင်ကြီးတစ်ပင်အနီးသို့ရောက်သောအခါ ထိုအနီးတ၀ိုက်တွင်ပင် ပျော်ပွဲစားကြရန် နှစ်ဦးသဘောတူ ဆုံးဖြတ်လိုက်ကြသည်။
ငတုံးက "ငါတို့ရဲ့ပွဲလေးကို ဟိုသစ်ပင်ကြီးအောက်မှာကျင်းပကြရအောင်" ဟု ပြောရာ....
ငအက "ဟာမင်းကလဲ ဒီလမ်းမကြီးပေါ်က ပိုကောင်းပါတယ်ကွာ။ ဒီလမ်းမကြီးပေါ် မှာပဲကျင်းပရအောင်"။
နှစ်ယောက်သားအတန်ကြာ ငြင်းခုန်ကြပြီး နောက်ဆုံးတွင် လမ်းမကြီးပေါ်၌ ပျော်ပွဲစားကြရန် ဆုံးဖြတ်လိုက်ကြသည်။
မကြာမီ အရှိန်ဖြင့်မောင်းနှင်လာသော ကားတစ်စီးလမ်းမအတိုင်း မောင်းနှင်လာရာ ၄င်းတို့နှစ်ဦးအားရှောင်ရင်း လမ်းဘေးမှ သစ်ပင်ကြီးအားတိုက်မိသွားလေသည်။
ထိုအခါ ငအပြောလိုက်သည်မှာကား
"တွေ့လားဟေ့ကောင် မင်းပြောသလိုသာ အဲဒီသစ်ပင်ကြီးအောက်မှာ ပျော်ပွဲစားကျင်းပကြရင် အခုချိန်ဆို ငါတို့နှစ်ယောက် လျောပြီကွ"။
မှတ်ချက်။ ။ တစ်ချိန်က မှုခင်းဂျာနယ် (The Crime)၏ ဘာသာပြန်ကဏ္ဍတွင် ဆုရရှိခဲ့ဖူးသော ဘာသာပြန် ဟာသစာစုလေးကို မှတ်မိသမျှ ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
For my family, For my friends and so on... to read my feelings, my favorites, my thinking and my creations.
Friday, February 27, 2009
Thursday, February 26, 2009
Subscribe to:
Posts (Atom)
