ကျွန်တော်တို့ လက်ရှိ Internet လောကမှာ အကောင်းဆုံးသော Search Engine ဖြစ်တဲ့ GOOGLE ကို ဘာကြောင့် GOOGLE ဆိုတဲ့ နာမည်ပေးရသလဲ ဆိုတာလေးကို ကျွန်တော်လေ့လာမိသလောက် အားလုံးဗဟုသုတရအောင် မျှဝေပေးလိုက်ရပါတယ်...
Google Company ကို ၁၉၉၈ ခုနှစ်မှာ Larry Page နဲ့ Sergey Brin တို့ သူငယ်ချင်းနှစ်ဦးက စတင်တည်ထောင်ခဲ့ပြီး စတည်ထောင်ခဲ့စဉ်က BackRub လို့ စတင်နာမည်ပေးခဲ့တာ ဖြစ်ပါတယ်...
Google ဆိုတဲ့ နာမည်ကိုတော့ နောက်ပိုင်းမှ ပြောင်းခဲ့တာဖြစ်ပြီး အဲဒီနာမည်ကတော့ Googol ဆိုတဲ့ အခေါ်အဝေါ်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်... Googol ဆိုတဲ့ စကားလုံးဟာ သင်္ချာဝေါဟာရတစ်ခုဖြစ်ပါတယ်... အဲဒီစကားလုံးကို Milton Sirotta လို့ခေါ်တဲ့ သင်္ချာပညာရှင် တစ်ယောက်က စတင်သုံးစွဲခဲ့တာဖြစ်ပြီး ၁ရဲ့ နောက်မှာ သုညပေါင်း ၁၀၀ တန်ဖိုးရှိတဲ့ ကိန်းဂဏန်းလို့ အဓိပ္ပါယ်ရပါတယ်... စာဖတ်သူတို့ မျက်စိထဲ မြင်သာအောင် Googol ရဲ့ တန်ဖိုးကို ချရေးပြလိုက်ရပါတယ်...
10000000000,0000000000,0000000000,0000000000,0000000000,
0000000000,0000000000,0000000000,0000000000,0000000000 = ဒါဟာ Googol ရဲ့တန်ဖိုးပါပဲ...
Google Company ဟာ သူတို့ရဲ့ Search Engine ကြီးမှာ ထိုကိန်းဂဏန်းတန်ဖိုးကဲ့သို့သော သတင်းအချက်အလက်များကို လွယ်ကူစွာ ရှာဖွေနိုင်စေနိုင်စေသော ရည်ရွယ်ချက်နဲ့
Goooooooooo,oooooooooo,oooooooooo,oooooooooo,oooooooooo,
oooooooooo,oooooooooo,oooooooooo,oooooooooo,ooooooooooGle (GOOGLE) လို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်...
Dr. ကျော်စွာ (23.3.13)
Source: Google Inc. Fact Sheet