Saturday, April 20, 2013

ကိုယ်ချင်းစာတတ်အောင်

မိန်းမဖြစ်သူ မနက်စာအတွက် ကြက်ဥကြော်နေစဉ် ယောက်ျားဖြစ်သူ ရုတ်တရက်ဝင်လာသည်...

"သတိထားနော်! သတိထား... ထောပတ်နည်းနည်း ထပ်ထည့်ဦး! ဟာ.. ကြည့်စမ်း... မင်း ကြက်ဥကြော်ဖို့ ထည့်ထားတဲ့ ဆီကလည်း များလိုက်တာ!!! တူးတော့မယ်.. တူးတော့မယ်... ကြက်ဥကို လှန်လိုက်တော့...
အခု ချက်ချင်းလှန်လိုက်တော့လေ... ဘာ လုပ်နေတာလဲ?? ဟောကြည့်.. ထောပတ်နည်းနေပါတယ်ဆို... နည်းနည်းထည့်ဦး..."

မိန်းမဖြစ်သူ ထောပတ်ထပ်ထည့်သည်...

"ဟေ့.. ဟေ့.. နည်းနည်းပဲ ထည့်လို့ ပြောထားတယ်လေ... ဘာလို့ အများကြီးထည့်ရတာလဲ?? ထောပတ်တွေများလွန်းတော့ ကပ်ကုန်ပြီ.. ကြည့်စမ်း!!! သတိထား... ဟေ့ သတိထားလို့ ငါပြောနေတယ်လေ...
မင်းဟာလေ... မီးဖိုချောင်ဝင်ရင် ငါ့စကားကို နားကို မထောင်ဘူး... အမြဲတမ်းပဲ...
ဟောဟော... တူးတော့မယ်.. ကြက်ဥကို တဖက်လှန်ဦးလေ!!! မြန်မြန်လေ.. မြန်မြန်!! ငါဒီလောက် ပြောနေတာတောင် နှေးနေသေးတယ်... မင်းနားလေးနေသလားကွ ဟေ??
ဆားထည့်ဦးလေ... ဆား... မင်း ဆားထည့်တာ ငါမတွေ့မိပါလား... ကြက်ဥကြော်တာ ဆားမပါမှတော့ ဘယ်မှာ အရသာရှိနိုင်ပါ့မလဲ... ဆားထည့်.. ဆား........... ထည့်!!!"

မိန်းမဖြစ်သူ ယောကျာ်းဖြစ်သူကို အံ့သြစွာ ငေးကြည့်ရင်း ပြောသည်...
"ရှင် ဒီနေ့ ဘာဖြစ်နေသလဲ?? ရှင်က ကျွန်မကို ကြက်ဥတောင် မကြော်တတ်ဘူးများ မှတ်နေသလား? ဟင်??"

ထိုအခါ ယောကျာ်းဖြစ်သူက အေးအေးလူလူ ပြန်ပြောလိုက် သည်မှာ..
"ဘာရယ် မဟုတ်ပါဘူး... ငါကားမောင်းနေတုန်း ဘယ်လိုမျိုး ခံစားရတယ်ဆိုတာ မင်းကို သိစေချင်ရုံသက်သက်ပါ... "


:D :D :D (19.4.13) 

No comments:

Post a Comment