Monday, March 23, 2009

နဂါးမှန်းသိအောင် အမောက်ထောင်

နွားသိုးခြံတစ်ခုမှာပေါ့။ နွားသိုးက ၃ကောင်ရှိတယ်။ နွားမက ၁၀၀ ရှိတယ်....
နွားသိုး ၃ကောင်ကခွဲတန်းနဲ့ နွားမတွေကိုပိုင်ကြတယ်။ အကြီးဆုံးကောင်က ၅၀ ပိုင်တယ်။
အလတ်ကောင်က ၃၀ ၊ အငယ်ဆုံးကောင်က ၂၀ ပေါ့။
တစ်နေ့မှာ ခြံရှင်ကနွားပေါက်နှုန်းနည်းလို့ဆိုပြီး နွားသိုးတစ်ကောင်ထပ်ဝယ်တော့ နဂိုရှိတဲ့ ၃ကောင်ကမကျေနပ်ဘူး။
သူတို့ရဲ့နွားမတွေ ခွဲပေးရမှာဆိုတော့..သူတို ၃ ကောင်တိုင်ပင်တာပေါ့။
အကြီးဆုံးကောင်က စပြီးပြောတယ်။
" ငါကတော့တစ်ကောင်မှမခွဲပေးနိုင်ဘူးကွာ "။ အလတ်ကောင်နဲ့ အငယ်ကောင်က "ငါတို့လည်းမပေးနိုင်ဘူး"
ဒေါသတွေထွက်နေကြတာပေါ့ ၃ကောင်စလုံး.....
ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့ နွားသိုးအသစ်ကရောက်လာရော။ ၁၀ ဘီးကားနဲ့ခြံထဲဝင်လာတယ်။
ကားပေါ်ကနေ နွားသိုးကြီးလည်းဆင်းလာရော ၁၀ဘီးကားက ခေါင်းတောင်ထောင်သွားတယ်။
ဒါကိုမြင်တော့ နွားသိုး ၃ကောင်လန့်သွားတာပေါ့။ ဒါနဲ့ အကြီးဆုံးကောင်က
"ငါတော့ အကောင်၂၀လောက်ခွဲပေးလိုက်တော့မယ်ကွာ။" အလတ်ကောင်က
" အေးငါလဲ ၁၀ကောင်လောက်တော့ခွဲပေးမှဖြစ်မယ်ကွ"
အငယ်ဆုံးကောင်ကဘာမှမပြောဘူး နှာမှုတ်လိုက် ခွာယှက်လိုက်ပဲလုပ်နေတယ်.....ဒါနဲ့
အကြီး ၂ ကောင်ကပြောတာပေါ့ "ဟေ့ကောင် မင်းလဲနဲနဲခွဲပေးလိုက်လေကွာ တော်ကြာနာနေဦးမယ်"
ဒီတော့အငယ်ကောင်ကပြန်ပြောတယ်
" သိပါတယ်ကွ ငါဒီလိုလုပ်တာက ငါ့ကိုအထီးမှန်းသိအောင်လုပ်ပြနေတာကွ သိရဲ့လား"တဲ့။

No comments:

Post a Comment