အမြင့်ပျံငှက်တစ်အုပ် အိပ်တန်းတက်ကြပြီ
ငါကတော့ တစ်ယောက်တည်းငုတ်တုတ်
လူနာမကျလှတဲ့ GP ငယ်လေးတစ်ခုမှာ
တစ်စုံတစ်ရာကို မျှော်နေရင်းနဲ့လေ......
ဖုန်တက်နေတဲ့ ဆိုင်းဘုတ်လေးရယ်
မင်းကိုလည်း အားနာပါတယ်၊
၆နှစ်လောက်လေ့လာခဲ့ရတဲ့ ငါ့ရဲ့ပညာတွေ
မိဘရဲ့ အသပြာတွေ ဒါတွေကိုလည်းလေ ငါ......
ရည်ရွယ်ချက်က မိဘကျေးဇူးကိုဆပ်ဖို့
ဒါပေမယ့် ဒီစေတနာတွေက
မိဘရဲ့ကျေးဇူးတွေ ထပ်လို့သာလာလေတော့
ဘာဆက်လုပ်ရမှန်းမသိတော့တဲ့ ငါ.......
တတ်နိုင်သူတွေက အထူးကုဆီမှာ
မတတ်နိုင်သူတွေသာ လာကြတဲ့ဒီနေရာ
္ဘညှိုးငယ်နွမ်းပါး ဒီလူနာများဆီက
ဆေးဖိုးယူရတာတောင် အားနာနေရတဲ့ ငါ......
ဟင်း..... ဒီလိုသက်ပျင်းရှည်တွေ
ဒီလိုအော်ညည်းသံတွေ..
ဘယ်လောက်တောင်များ ရှိနေပြီလဲနော်၊
ငါလည်းအခုချိန်မှာ ဒီသံသရာထဲ လုံးပါးပါးရင်း......
By "Roar of a Leo Tiger"
No comments:
Post a Comment