ပင်လယ်ပြင်တွင်သင်္ဘောပျက်၍ အသက်ကယ်ဖောင်လေးနှင့် လွတ်မြောက်လာသူ ကိုဒဿဂီရိ ၊ ကိုဇော်ဂျီ ၊ ကိုစကူ သုံးဦး သည် ကျွန်းတကျွန်းပေါ်သို့ ဆိုက်ရောက်လာသည်။
ထိုကျွန်းပေါ်ရှိ လူသားစားလူရိုင်းများက ၎င်းတို့ကိုဖမ်းဆီးလိုက်ကာ လူရိုင်းဘုရင်ထံ ခေါ်ဆောင်သွားသည်။
လူရိုင်းဘုရင်က “အေး ဒီကျွန်းပေါ် ရောက်လာသူတွေကို ငါတို့က သတ်စားလေ့ရှိတယ်။ ဒါပေမယ့် မသတ်ခင် မှာတော့ အခွင့်အရေး တစ်ခုပေးတယ်။ အဲဒါက မင်းတို့တွေ တစ်နာရီအတွင်းမှာ သစ်သီး ဆယ်လုံးစီ ယူလာဖို့ပဲ။ အဲဒါ မင်းတို့သစ်သီး ဆယ်လုံးစီ အမြန်သွားရှာခဲ့ကြ။”
ထိုစကား ကြားသည်နှင့် သုံးယောက်သား အပြေးလေး ထွက်သွားကြသည်။
ပထမဆုံး ကိုဒဿဂီရိက ပန်းသီး ဆယ်လုံးကောက်ယူ၍ ပြန်ရောက်လာသည်။
ထိုအခါ လူရိုင်းဘုရင်က “အဲဒီ ပန်းသီးဆယ်လုံးကို မင်းစအိုထဲကို တစ်လုံးချင်း သွင်းရမယ်။ မင်းမျက်နှာမှာ ဘာခံစားချက်မှ မပြရဘူး။ တကယ်လို့ မင်းမျက်နှာမှာ တစုံတရာ စိတ်ခံစားမှုပြသရင် မင်းကို သတ်စားမယ်။”
ကိုဒဿဂီရိ အကောင်းဆုံး ကြိုးစားသည်။ သို့သော် သုံးလုံးမြောက်တွင် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားမိ၏။ ချက်ချင်း အသတ်ခံလိုက်ရသည်။
ထို့နောက် ဒုတိယ ကိုဇော်ဂျီ ပြန်ရောက်လာ၏။ သူ့လက်တွင် ညောင်သီးဆယ်လုံး ပါလာသည်။ လူရိုင်းဘုရင်က သူ့ကို ပထမ လူအတိုင်း စေခိုင်းသည်။ ကိုဇော်ဂျီက သူ့အတွက် အခက်အခဲမရှိနိုင်ကြောင်း သိ၍ ၀မ်းသာသွားသည်။ သို့သော် ၉ လုံးမြောက် ညောင်သီး သွင်းပြီးချိန်တွင် မအောင့်မအီးနိုင်ပဲ ရယ်မောလိုက်မိသည်။ ထို့နောက် အသတ်ခံလိုက်ရသည်။
ကိုဒဿဂီရိနှင့် ကိုဇော်ဂျီတို့ နှစ်ယောက် တမလွန်ဘဝတွင် ဆုံဆည်းမိကြ၏။
ကိုဒဿဂီရိ - “ဟေ့ကောင် မင်းတော်တော်ညံတဲ့ကောင်ပဲ။ ငါ့ရဲ့ပန်းသီးတွေက အကြီးကြီးတွေမို့ ထားပါတော့၊ မင်းညောင်သီးလေးတွေက ဘာခက်တာမှ မဟုတ်ဘူး။ အဲဒါ မင်းက ဘာလို့ အောင်မြင်ခါနီးကျမှ ရယ်ရတာလဲ။”
ကိုဇော်ဂျီ - “မင်းငါ့ကို အပြစ်မတင်နဲ့။ မင်းလည်း ငါ့နေရာမှာဆို ဒီလိုဖြစ်မှာပဲကွ။”
ကိုဒဿဂီရိ - “ဘယ်လိုဖြစ်လို့လဲကွ။”
ကိုဇော်ဂျီ - “ဘယ်လိုဖြစ်ရမလဲ ငါ့ကို ညောင်သီး ၉ လုံးသွင်းပြီးသွားတဲ့ အချိန်မှာ ဟိုကောင်စကူ က ဒူးရင်းသီးကြီး ဆယ်လုံး ထမ်းပြန်လာတယ်လေကွာ---”
မှတ်ချက်။ ။ ဤဟာသလေးကို ကျွန်တော် သတင်းများရေးသားသည့် www.mutdfan.com မှ ကူးယူတင်ပြအပ်ပါသည်။
No comments:
Post a Comment