"သူဌေးရယ် ... ကျွန်တော်ဒီနေ့ နေမကောင်းလို့ပါ... ကိုယ်လက်တွေနာတယ်... ဗိုက်အောင့်ပြီး ခေါင်းလည်းကိုက်နေလို့ပါဗျာ... ဒါကြောင့် ဒီနေ့ ကျွန်တော် အလုပ်ကို မလာပါရစေနဲ့ခင်ဗျာ..."
"အေးကွာ... ဒုက္ခပါပဲ... ကုမ္ပဏီမှာလည်း ဒီနေ့ အလုပ်ကိစ္စအတွက် မင်းရှိနေဖို့ လိုကိုလိုအပ်နေတယ်ကွ... ငါလည်း မကြာမကြာမင်းလို ဖြစ်တတ်ပါတယ်... အဲလိုမျိုး နေမကောင်းဖြစ်ရင် ငါကတော့ ငါ့မိန်းမဆီသွားပြီး သူနဲ့တူတူ အိပ်လိုက်တယ်... အဲလိုဆို ငါ့ဝေဒနာတွေ သက်သာပြီး အလုပ်လုပ်နိုင်သွားတယ်... မင်းလည်း ငါ့နည်းမျိုး စမ်းကြည့်ပါလား..."
....
....
၃ နာရီခန့် ကြာသော်... Bob သူဌေးဖြစ်သူထံ ဖုန်းဆက်သည်...
"သူဌေး... သူဌေးပြောတဲ့နည်းအတိုင်း ကျွန်တော်လုပ်လိုက်တယ်... တကယ်ပဲ နေရထိုင်ရသက်သာ သွားတယ်... ခဏနေ ကျွန်တော် ရုံးကိုရောက်မယ်သူဌေး... သြော်... ဒါနဲ့ စကားမစပ် သူဌေးအိပ်ခန်းက တော်တော်လှတယ်နော်..." :D :D :D
(ဘာသာပြန်ထားတာပါ...) (19.4.13)
No comments:
Post a Comment