Saturday, April 20, 2013

စိတ္တဇ


ငါ့ကိုယ်ငါ မသိလို့ "ငါဟာ ဘာလဲ?" လို့
ငါ့ဘာသာငါ သေချာစဉ်းစားကြည့်တော့
ငါဟာ ငါမဟုတ်မှန်းသိလာတယ်...

ငါဟာငါ မဟုတ်တဲ့ သဘောတရားကို
ငါမဟုတ်တဲ့ သူ့ကို ပြောပြတော့
သူဟာသူမဟုတ်မှန်း နားမလည်ခဲ့ဘူး...

အဲ.. သူဟာသူမဟုတ်မှန်း
သူနားလည်သွားတဲ့ အချိန်ကျတော့
ငါဟာ ငါပြန်ဖြစ်သွားပြီ...


(on 28.9.06 - 1:30 am.. တရေးနိုး စိတ်ရူးပေါက်ချိန်... :P )

No comments:

Post a Comment