Saturday, April 20, 2013

I Love You ဆိုတဲ့ စကားလေး ၃ လုံး

        ရွှေယုန်တစ်ယောက် ဒီနေ့ Valentine Day ဖြစ်တာနဲ့ အညီ နောက်ဆုံးပေါ် Fashion Design တွေကိုဝတ်ဆင်ပြီးတော့ Shopping ထွက်လာတယ်... Shopping Center ထဲမှာ လမ်းလျှောက်နေရင်း လှပကျော့ရှင်းတဲ့ မိန်းမပျိုလေး တစ်ယောက်ကသူ့ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေတာကို ရွှေယုန်သတိထားမိသွားတယ်...
ရွှေယုန်တစ်ယောက် စိတ်ထဲမှာ ပျော်ရွှင်သွားပြီး ကိုယ့်ကိုကိုယ်လဲ ယုံကြည်စိတ်တွေ တိုးလာခဲ့တယ်... အဲဒါကြောင့် ကောင်မလေးဆီကို ဟန်ပါပါ လျှောက်လှမ်းသွားတယ်... ပြီးတော့

"ဟိတ် ချစ်စရာ ကောင်မလေး.. ဒီနေ့မှာ ကိုယ် မင်းလေးရဲ့ စိတ်ဆန္ဒ ကိစ္စ တစ်ခုကို ဘာမဆိုကိုယ် ဖြည့်စွမ်းပေးမယ်... အဲဒီအတွက် ကိုယ့်ကို ငွေ ၁၅၀၀ ကျပ်ပဲပေးရမယ်..." လို့ အထာလေးနဲ့ ပြောလိုက်တယ်.. ကောင်မလေးက သူ့ကို ငေးကြည့်နေဆဲပဲ..

"ဒါပေမယ့်.. ကိုယ့်ဘက်က တောင်းဆိုစရာ တစ်ခုတော့ရှိတယ်.." လို့ ဆက်ပြောလိုက်တယ်..

"ဘာများပါလိမ့် ရှင်???"

"အဲဒါကတော့ မင်းတောင်းဆိုမယ့် မင်းရဲ့ ဆန္ဒကို အင်္ဂလိပ်လို စာလုံး ၃ လုံးတည်းနဲ့ ဖော်ပြရမယ်..." 

ကောင်မလေး တော်တော်ကြာအောင် ငြိမ်သက်သွားတယ်... အဲဒီနောက် ပိုက်ဆံ ၁၅၀၀ ကို ရေတွက်ပြီး သူမရဲ့ လိပ်စာကဒ်ကို ပေးလိုက်တယ်... ရွှေယုန်က ဟန်ပါပါ လှမ်းယူလိုက်တဲ့ အချိန်မှာ ကောင်မလေးက ရွှေယုန်ရဲ့ မျက်လုံးကို စူးစူးနစ်နစ် စိုက်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်တာကတော့...

"CLEAN MY HOUSE!!" တဲ့ဗျာ... :P :P :P


No comments:

Post a Comment