၁။ ယောကျ်ားတွေက သူတို့လိုချင်တဲ့ ၁ကျပ်တန်ပစ္စည်းကို ၂ ကျပ်ပေးဝယ်ကြသူများ ဖြစ်တယ်...
မိန်းမတွေက သူတို့မလိုချင်တဲ့ ၂ ကျပ်တန် ပစ္စည်းကို ၁ကျပ်ပေးဝယ်ကြသူများ ဖြစ်တယ်...
၂။ မိန်းမတွေက သူတို့ယောကျ်ားမရခင်အချိန်ထိ မိမိတို့ရဲ့ အနာဂတ်ကို စိုးရိမ်ကြတယ်...
ယောကျ်ားတွေက မိမိတို့ရဲ့အနာဂတ်ကို မိန်းမ မရခင်အထိ လုံးဝမစိုးရိမ်ဘူး...
၃။ အောင်မြင်တဲ့ ယောကျ်ားဆိုတာ မိန်းမသုံးတဲ့ ပိုက်ဆံထက်ပိုရှာနိုင်တဲ့ အမျိုးသားကိုခေါ်တယ်...
အောင်မြင်တဲ့ မိန်းမဆိုတာ အဲလို ယောကျာ်းမျိုးကိုရှာယူနိုင်တဲ့ အမျိုးသမီးကို ခေါ်တယ်...
၄။ ယောကျ်ားတစ်ယောက် ပျော်ရွှင်စေဖို့ သူ့ကို အများကြီးနားလည်ပေးပြီး နည်းနည်းချစ်ဖို့လိုအပ်တယ်...
မိန်းမတစ်ယောက် ပျော်ရွှင်စေဖို့ သူ့ကို အများကြီးချစ်ပြီး သူမကို နားလည်အောင် မကြိုးစားမိဖို့လိုတယ်...
၅။ အိမ်ထောင်ရှိတဲ့ ယောကျ်ားဟာ လူပျိုကြီးတွေထက် အသက်ပိုရှည်တတ်ကြတယ်...
ဒါပေမယ့် သူတို့ဟာ လူပျိုကြီးတွေထက် မြန်မြန်သေလိုကြသူများဖြစ်တယ်...
၆။ မိန်းမတွေဟာ ယောကျာ်းတွေ ပြောင်းလဲလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လက်ထပ်ကြတယ်...
ဒါပေမယ့် ယောကျာ်းတွေက မပြောင်းလဲဘူး...
ယောကျာ်းတွေက မိန်းမတွေပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်နဲ့ လက်ထပ်တယ်..
ဒါပေမယ့် မိန်းမတွေက ပြောင်းလဲသွားတယ်...
၇။ မိန်းမတွေကို ယောကျာ်းတွေ နားမလည်နိုင်တာ အချိန် ၂ ခုတည်းမှာသာ ဖြစ်တယ်...
အဲဒါကတော့ အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီးချိန်တွေပဲ ဖြစ်ကြတယ်...
ဘာရယ်ဟုတ်ဘူး.. တွေ့မိတဲ့စာလေးကို ဘာသာပြန် မျှဝေတာပါ... :D :D :D (18.4.13)
No comments:
Post a Comment