Saturday, April 20, 2013

သုံးချိုးတစ်ချိုးခန့် ကုန်လွန်ခြင်း


တွေ့ဆုံကြုံရ လူ့ဘဝမှာ
အချစ်၊အမုန်း တူယှဉ်ထုံး၍
ခက်ခဲကျော်ဖြတ် ယခုထက်တိုင်
မယိုင်မနဲ့ ငါရပ်တည်ခဲ့.....

...လောဘ၊ ဒေါသ မောဟမကုန်
ဘဝလူ့ဘုံ ဒုက္ခစုံဝယ်
ကျင်လည်ဖြတ်သန်း ငါ့သက်တမ်းမှာ
တစ်-သုံးချိုးခန့် တိုင်ခဲ့ပြီတည်း...


(၂၈.၇.၂၀၁၁)

No comments:

Post a Comment