Saturday, April 20, 2013

လွယ်ကူရိုးရှင်း ခြင်ဖမ်းရှင်း

ခြင်တော်တော်များများကို ဖမ်းမိစေနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ Hand-made Simple Mosquito Trap လုပ်ပုံလေးကို တင်ပြချင်ပါတယ်... ဗုဒ္ဓဘာသာ အယူအဆအရ သူ့အသက်သတ်ခြင်းက မကောင်းပေမယ့် ကျန်းမာရေးရှုထောင့်အရ သွေးလွန်တုတ်ကွေးရောဂါကိုကာကွယ်ရာဖြစ်စေနိုင်တာမို့ တင်ပြပေးလိုက်ရခြင်းလည်းဖြစ်ပါတယ်...

လိုအပ်သော ပစ္စည်းများကတော့ Plastic Bottle ( Coca Cola, Sprite ကဲ့သို့သောအချိုရည်ဗူး)၊ Brown Sugar၊ တစေး (Yeast) နှင့် အနက်ရောင် တိပ်ခွေ စသည်တို့ပဲဖြစ်ပါတယ်...

၁။ ။ ဦးစွာ Plastic ဗူးကို ထက်ဝက်ဖြတ်ပါ...
၂။ ။ ဖြတ်ထားသော ဗူးမှ အောက်ဖက်ခြမ်းထဲတွင် သကြားညိုကို ရေနွေးဖြင့် သမအောင်ရောစပ်ပါ... ထို့နောက် အခန်းအပူချိန်(Room Temperature) ထိရောက်အောင်အအေးခံထားပါ...
၃။ ။ ထိုအအေးခံထားသော ဖျော်ရည်ထဲသို့ တစေးကိုရောထည့်ပါ... Carbon Dioxide ဓါတ်ငွေ့ဖြစ်ပေါ်လာမည်ဖြစ်ပြီး ခြင်များကို ဆွဲဆောင်နိုင်စေမည်ဖြစ်သည်...
၄။ ။ Plastic ဗူးကို အနက်ရောင်တိပ်ဖြင့် ပတ်၍ ဖြတ်ထားခဲ့သည့်ဗူးအပေါ်ပိုင်းကို ကတော့ပုံသဏ္ဌာန် ပြောင်းပြန်လှန်ပြီးစွပ်ထားလိုက်ပါ...
၅။ ။ ထိုဗူးကို အိမ်အတွင်းထောင့်တနေရာရာတွင် ထားလိုက်ပါ...
၆။ ။ ၂ ပါတ်ခန့်ကြာသည့်အခါ ဗူးကိုပြန်လည်စစ်ဆေးကြည့်လိုက်ပါ... သင်အံ့သြလောက်အောင် ခြင်သေများဖြင့် ပြည့်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်...


Facebook ပေါ်တွင်တွေ့သော သတင်းကို ဘာသာပြန် တင်ပြပေးခြင်း ဖြစ်ပါသည်...
Dr. ကျော်စွာသက် (24.3.13)


No comments:

Post a Comment