Friday, July 31, 2009

Hypoglycemia (သကြားဓါတ်လျော့နည်းခြင်း)

လူတွေဟာနေ့စဉ်နဲ့အမျှ Glucose လို့ခေါ်တဲ့ သကြားဓါတ်ကို လိုအပ်ပါတယ်။ ဒီလိုသကြားဓါတ် ခန္ဓာကိုယ်ထဲမှာလိုအပ်တာထက်နည်းသွားတာကို Hypoglycemia လို့ခေါ်ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် -

- ခြေလက်များတုန်လာခြင်း၊
- ချွေးစေးပြန်ခြင်း၊
- ရင်တုန်ခြင်း၊
- မူးဝေခြင်း၊
- အော့အန်ခြင်း၊
- မေ့လဲခြင်း အစရှိတဲ့ လက္ခဏာတွေဖြစ်တတ်ပြီး တကယ်လို့ အိပ်ပျော်နေချိန်မျိုးမှာ ဖြစ်ခဲ့ရင်တော့-

- အိပ်မက်ဆိုးများမက်ခြင်း၊
- ယောင်ယမ်း၍ ညည်းတတ်ခြင်း၊
- နိုးလာချိန်တွင် ထိုင်းမှိုင်းကာ၊ နုံးချိနေသကဲ့သို့ ခံစားရခြင်း စသည်တို့ဖြစ်တတ်ပါတယ်။

အဲလိုမကြာခဏဖြစ်တတ်တဲ့ သူများအနေနဲ့ သကြားဓါတ်ကြွယ်ဝတဲ့ သကြားလုံး၊ အချိုရည်စတာတွေကို ဆောင်ထားဖို့လိုအပ်ပါတယ်။ ဒီလို သကြားဓါတ်လျော့ကျခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများကတော့-

- အစာစားချိန်မမှန်ခြင်း၊
- ချွေးထွက်များလွန်းခြင်း၊
- ဆီးချိုကျဆေးသောက်သုံးနေရသူများ၊
- အရက်ကိုအလွန်အကျွံသောက်သုံးသူများ စသည်တို့ပဲဖြစ်ပါတယ်။

No comments:

Post a Comment