
အိမ်ထောင်ရှင်တွေ သားသမီးမလိုချင်သေးတဲ့အခါ၊ အမျိုးသားကလည်း အကာအကွယ်မသုံးချင်ဘူး၊ အမျိုးသမီးကလည်းဆေးမသောက်ချင်ဘူးဆိုရင် အကာအကွယ်သုံးတာ၊ တားဆေးထိုးတာသောက်တာလောက် စိတ်မချရပေမယ့် အသုံးပြုလို့ရတဲ့ SAFE PERIOD တွက်ချက်ပုံကိုဖော်ပြပေးလိုက်ပါတယ်။
ပထမဦးစွာ အမျိုးသမီးရဲ့ ရာသီစက်ဝိုင်းကိုသိရပါမယ်။ ဒီနည်းဟာ ရာသီသွေးပေါ်ချိန်မှန်သူတွေဆိုရင် ပိုစိတ်ချရပါတယ်။
ရာသီစက်ဝိုင်းဆိုတာ ပြီးခဲ့တဲ့ရာသီလာချိန်ရဲ့ပထမဆုံးနေ့ကနေ အခုရာသီသွေးပေါ်ချိန်ရဲ့ပထမနေ့ အထိကို ဆိုလိုပါတယ်။ အဲဒီအချိန်အပိုင်းအခြားကို Menstrual Cycle(ရာသီစက်ဝိုင်း) လို့ခေါ်ပါတယ်။
ရာသီစက်ဝိုင်းဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပဲ များသောအားဖြင့်တော့ ၂၆ ရက်ကနေ ၃၁ ရက်အထိ ရှိတတ်ကြပါတယ်။
သားဥကြွေခြင်း Ovulation ဖြစ်စဉ်ဟာ ရာသီစက်ဝိုင်းရဲ့ တဝက်မှာဖြစ်ပေါ်တတ်ပါတယ်။ ဆိုလိုတာက အမျိုးသမီးတစ်ယောက်ဟာ ၂၈ရက်တစ်ခါ ရာသီသွေးပေါ်တတ်ရင် အဲဒီရဲ့တဝက်ဖြစ်တဲ့ ၁၄ ရက်မှာ Ovulationဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာလည်း တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုရှိနိုင်ပါတယ်။
အဲဒီ Ovulation မတိုင်ခင် ၁ပတ် နဲ့ Ovulation ဖြစ်ပြီး ၁ ပတ်တို့ဟာ ကိုယ်ဝန်ရနိုင်တဲ့ အချိန် Fertile period ပါပဲ။ အဲဒီအချိန်ကလွဲရင် ကျန်တဲ့အချိန်ဟာ စိတ်ချရတဲ့ကာလ SAFE PERIOD လို့သတ်မှတ်ပါတယ်။
ဒါကြောင့် ဒီလို SAFE PERIOD ကိုတွက်ဖို့ဆိုရင် Fertile period ကိုသိရပါမယ်။
Fertile period ကိုတွက်ချက်ခြင်း။
ရာသီသွေးပေါ်ချိန် မှန်သူများအတွက်
်
- ရာသီစက်ဝိုင်း၏ တဝက်သည် သားဥကြွေချိန်ဖြစ်သည်။ သားဥကြွေချိန်မတိုင်မှီ ၇ ရက် နှင့် ကြွေပြီး ၇ ရက်တို့သည် SAFE PERIOD ဖြစ်သည်။
A--------------------B===========*===========B--------------------A
A = ရာသီသွေးစပေါ်ချိန် / နောက်တစ်ကြိမ်ရာသီသွေးပေါ်ချိန်
* =သားဥကြွေချိန်
ရာသီသွေးပေါ်ချိန် မမှန်သူများအတွက်
===== ပြထားသော ကာလသည် ကိုယ်ဝန်ရနိုင်ချိန်Fertile periodဖြစ်၍
----- ပြထားသောကာလသည် SAFE PERIOD ဖြစ်သည်။
- ရာသီသွေးပေါ်ချိန် အတိုဆုံးအချိန်မှ ၁၈ ရက် နုတ်ခြင်းသည် Fertile period ၏ ပထမရက်ဖြစ်သည်။
- ရာသီသွေးပေါ်ချိန် အရှည်ကြာဆုံးအချိန်မှ ၁၀ ရက် နုတ်ခြင်းသည် Fertile period ၏ နောက်ဆုံးရက်ဖြစ်သည်။
ဥပမာ- အမျိုးသမီးသည် ရာသီသွေးပေါ်ချိန် ၂၆ ရက်မှ ၃၁ ရက်အထိ ကွာခြားတတ်သည်ဆိုပါစို့
ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အတိုဆုံး ကာလ ၂၆ မှ ၁၈ ကိုနုတ် = ၈ ရက်
ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အရှည်ဆုံးကာလ ၃၁ မှ ၁၀ ကိုနုတ် = ၂၁ ရက်
ထို့ကြောင့် ထိုအမျိုးသမီးအတွက် ရာသီလာချိန် ပထမရက်မှစတင်ရေတွက်လျှင် ၈ ရက်မြောက်နေ့မှ ၂၁ ရက်မြောက်နေ့အထိသည် Fertile period ဖြစ်သည်။ ထိုအချိန်မဟုတ်သည့် အခြားရက်များသည် SAFE PERIOD ဖြစ်သည်။
SAFE PERIOD နည်းသုံးလျှက်နဲ့ပင် ကိုယ်ဝန်ရရှိနိုင်မှု
တစ်နှစ်မှာ လူအယောက် ၁၀၀ ထဲမှာ ၁၁.၉ ယောက် ကိုယ်ဝန်ရနိုင်သည်။
ရာခိုင်နှုန်းအရ ၂၅ % အထိကိုယ်ဝန်ရရှိနိုင်မှု ရှိသည်။
ဤသို့ ကလေးမရစေနိုင်ရန် တားဆီးကာကွယ်မှုများနည်းထဲတွင် သားကြောဖြတ်ခြင်းနည်းမှတပါး အကောင်းဆုံးမှာ အကာအကွယ်(ကွန်ဒုံး) သုံးခြင်းပင်ဖြစ်သည်။ အကာအကွယ်သုံးခြင်းသည် လိင်မှတဆင့်ကူးစက်သောရောဂါများကိုပါ ကာကွယ်သောကြောင့် လူငယ်များအတွက် အကောင်းဆုံးပင်ဖြစ်သည်။
ကျန်းမာရွှင်လန်းကြပါစေ.....
This comment has been removed by the author.
ReplyDelete